Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, 1 February 2012

အလွမ်းများ

တနေ့လုံးတွေ့နေရပေမဲ့
မင်းကိုလွမ်းတဲစိတ်ကလေးက
စက္ကန့်ခြားသွားတာနဲ့မတင်းတိမ်နိုင်တဲ့
မုန့်တစ်ခုလိုငါထပ်ခါထပ်ခါစားချင်နေမိတယ်
မကောင်းမှန်းသိပေမဲ့
ထပ်လွမ်းချင်မိတယ်
ဖြူစင်တဲ့အလွမ်းပါးပါးတွေနဲ့အတူ
သံယောဇဉ်ပါးပါးလေးချည်နှောင်ရင်း
အချစ်ကြိုးလေးတစ်ပင်ရအောင်
တို့တွေကြိုးစားရအောင်ချစ်သူ
မာယာတွေမရှိဘဲမုသားတွေမဲ့ကာ
ပကာသနတွေခနဘေးဖယ်ကာ
တိုနှစ်ယောက်ဘ၀ခရီးလမ်းရှေ့ဆက်ကြရအောင်

Wednesday, 28 December 2011

မဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ခုလိုမင်းနဲ့ငါ
အစွန်းတဖတ်ဆီမှာ
တယောက်ဆီငိုကြွေးနေလည်း
ဘယ်သူမှမမြင်နိုင်ခဲ့ပါဘူး
မင်းနဲ့ငါဝေးရတာ
မိဘကြောင့်လည်းမဟုတ်ခဲ့ပါ
ဘာသာရေးကြောင့်လည်းမဟုတ်ခဲ့ပါ
သဘောထားလေးတခုကြောင့်
ဝေးခဲ့ရပေမဲ့
ငါ့ရင်ထဲတရက်မှမေ့မရတာ
မင်းသိမှာမဟုတ်ခဲ့ပါဘူး
မရဲတရဲကြည်တဲ့မင်းကြည့်တွေက
ငါ့ရင်ထဲမုန်တိုင်းတခုလိုပါပဲ့
ခုတော့ခေါက်ထားလိုက်ပါတနေရာမှာ

Saturday, 10 December 2011

မမြင်မတွေ့ရပေမဲ့ 
မအေးခဲတဲ့အလွမ်းတွေနဲ့  
မင်းနဲ့ငါကြား 
သံယောဇဉ် ပါးပါးလေး
မဟုတ်တာတော့  သေချာတယ်
အလွမ်းတွေနဲ့စခဲ့ပီးငါအလွမ်းတွေနဲ့
မဆုံးသတ်ပါရစေနဲ့
သတိရခြင်းတွေမပိုင်ရပေမဲ့
လွမ်းဆွတ်မှုတွေကိုငါပိုင်ဆိုင်ပါရစေ

Saturday, 26 November 2011


သူ့နှုတ်ခမ်းက ဘာခြွေခြွေ ငါ က ကြွေနေတတ်သူမဟုတ်လား ..........
သူနဲ့ အနေဝေးရင် ငါ့ အပြုံးလေး ဆွေးမြည့်ရတယ် ...........
စိုးစိတ်တွေနဲ့ တိုးတိတ်စွာငို ငါ့ နေ့ရက်တွေ မချိုနိုင်ပါဘူး ..........
သတ်မရတဲ့ မျှော်လင့်ခြင်းတွေကြားမှာ ငါ့ အတ္တ မခါးခဲ့ပါဘူးချစ်သူ 
မင်းအနားမှာသာ ငါ နေပါရစေလား ........

Tuesday, 22 November 2011

သစ်ရွက်ခြောက်တွေငါ့မျက်နာပေါ်ကြွေကျတိုင်း
မ၇ိုးနိုင်အောင်ကြားရတာကအိမ်နဘေးသစ်ပင်ပေါ်က
ငှက်ကလေးအော်သံ..........
ရာသီတွေပြောင်းအချိန်တွေဟောင်းလည်း
ကျန်ခဲ့တာကငါတယောက်တည်း
ဒီလိုနဲ့...........
သစ်ရွက်ခြောက်တွေကောက်ရင်းငါစဉ်းစားမိခဲ့တယ်
အော်ငါလည်းတနေ့ကြွေရမှာပဲ့လား
ငါမကြွေခင်အရွက်တွေဝေဆာအောင်
ငါဘာလုပ်ခဲ့လည်း????????????
အပင်ကြီးဖွံဖြိုးအောင်ဘာလုပ်ခဲ့လည်း???????????
ဒီလိုပဲ့အချိန်တွေကုန်ခဲ့တာလားသစ်ရွက်ခြောက်ကောက်ရင်းနဲ့
ခနလေးပါပဲ့အားလုံးကခနလေးနဲ့
အကုန်အဆုံးသတ်သွားကြတယ်..............
ဒီချိန်ခနလေးမှာပျော်ရွင်စရာတွေပဲ့ငါပေးချင်တယ်
ဖြူစင်မှုလေးတွေအေ၇ာင်ချယ်သပေးချင်တယ်
မေတ္တာလေးတွေထားတတ်စေချင်တယ်
အပြုံးလေးတွေလူတိုင်းရင်မှာပွင့်နေစေချင်တယ်
မာန်မာနတွေလျော့တတ်စေချင်တယ်
လိုချင်မှုတွေဒေါသတွေကင်းစေချင်တယ်
ပျော်ပျော်လေးနဲ့လက်ကလေးတွေတွဲသွားကြရအောင်
လွမ်းတယ်ကျောင်းတော်ကိုလည်း
သတိရတယ်တူသောက်ခဲ့တဲ့ကော်ဖီကိုလည်း
မမေ့နိုင်သးတာကမာမီဆူခဲ့တဲ့အသံရယ်............
မကုန်ဆုံးနိုင်တဲ့မိုးရေတွေထဲထီးမပါဘဲ
အတူပြေးခဲ့ရတဲ့အချိန်တွေ
အမှတ်ရနေတယ်ဆိုခဲ့တဲ့တချင်းသံရယ်
အရာရာဟာခနတာလေး
ပြောင်းလဲသွားတာပါ
တနေရာဆီနေရာက်သတိရခြင်းတွေ
ကဗျာထဲမှာနှစ်သိမ့်ကြရအောင်
သူငယ်ချင်း....................

Friday, 18 November 2011

လွမ်းဆွတ်မှုတွေနဲ့ခံစားမှုတွေ
မဆုံးနိုင်သောနေ့တွေကိုဖြတ်သန်းခဲ့တယ်
စကားလုံးတွေကဆွံအလို့
တချင်းသံတွေကမင်းခေါ်သံတွေလား?????
ပြင်းရှရှဆေးတခွက်သောက်လိုက်ရသလို
စူးရှရှခံစားချက်တွေနဲ့
မူးသွပ်သွပ်လူတစ်ယောက်တွက်
ရူးသွယ်တယ်မဆိုချင်ပါဘူး
အချစ်တွက်အသက်ပေးခဲ့တဲ့မင်းတွက်
အရူးမတက်ခံစားခဲ့ရတာငါပါ

Tuesday, 15 November 2011

အလုပ်

မနက်အိပ်ရာထတာနဲ့အတွေးထဲဝင်လာတာ
အလုပ်.............
ညနေအိမ်ပြန်လာလို့စဉ်းစားတာက
အလုပ်...............
သီချင်းလေးနားထောင်နေရုံရှိသေး
မြည်လာတဲ့ဖုန်းသံလေးက
အလုပ်............
အွန်လိုင်းတတ်မယ်ကြံတုန်းမပြီးနိုင်သေးတာက
အလုပ်..............
ငါတအားပင်ပန်းနေလို့ပါ
ခနလေးနားခွင့်ပြုပါ
အလုပ်တွေအလုပ်တွေ
ငါမစဉ်းစားလိုက်မိပါဘူး........
အော်ခုတော့............
ငါနေမကောင်းဖြစ်တာဘယ်သူလာကူပေးခဲ့လည်း
ဘယ်သူအားပေးခဲ့လည်း
ဘယ်သူနှစ်သိမ့်ခဲ့လည်း
ဘယ်သူပြုစုခဲ့လည်း
ငါငိုကြွေးနေတာအလုပ်မြင်ရဲ့လား
စိတ်ဖိစီးမှုတွေဘာမှမငြိုငြင်ငါဒိုးစိုင်းလုပ်ခဲ့ဖူးတယ်
ဘ၀တွက်လို့ပြောခဲ့တဲ့အမေအသံ
ခနလေးပါလို့ပြောခဲ့တဲ့အဖေအသံ
သမီးမကြားနိုင်တော့ပါဘူး............
ခနလောက်မှေးစက်ခွင့်ပြုပါ
ဘယ်သူမှမရှိတဲ့အရပ်မှာပေါ့

Sunday, 13 November 2011

မိုးအေးအေးမှာ
ကော်ဖီခါးခါးသောက်ရင်း
ကာရံမညီတဲ့ကဗျာတပုဒ်ရေးဖို့တွက်
စကားလုံးတွေစဉ်းစားနေတုန်း
လျှပ်စီးလပ်တုန်းအတွေးထဲဝင်လာတာက
မထင်မှတ်ထားတဲ့မင်းပုံ၇ိပ်လေး
မမြင်နိုင်တဲ့ကြိုးနှစ်ချောင်းကိုမှ
ချည်နောင်သွားတဲ့ကံကြမ္မာကို
ပြစ်မတင်လိုက်မိပါဘူး..............
မ၀ံ့မရဲချစ်မိနေတဲ့ငါကိုယ်တိုင်ကမှားခဲ့တာပါ
မဆုံနိုင်ပေမဲ့ငါ့ရင်ထဲထာဝရချစ်သူကမင်းတစ်ယောက်တည်း
ရူးလောက်အောင်လွမ်းနေတဲ့မိုးသည်းညကိုမုန်းလိုက်တာ..................

Friday, 28 October 2011

  • ဘ၀ရဲ့ဘောပင်အောက်မှာ
    သူချေ၇းဆွဲတဲ့အတိုင်းလိုက်ပါနေရတဲ့
    ဘ၀ဆိုပေမဲ့ ကိုယ့်ဦးနောက်သုံးတတ်ဖို့လည်း အရေးကြီးပါသည်
  • လူတွေကပိုက်ဆံနောက်လိုက်ပီး
    လူ့ဘ၀ကုန်ဆုံးနေရတယ်
    ကျန်းမာရေးဂရုစိုက်ဖို့နဲ့ဘုရားတရားကိုမေ့ထားကြတယ်
    တကယ်တော့ပိုက်ဆံကဘယ်လောက်ရှာရှာလောက်တယ်လို့မရှိခဲ့ပါဘူး
  • ပြောင်းလဲနေတဲ့လောကကြီးမှာ
    စိတ်တွေကလည်းအမျိုးမျိုးပြောင်းလဲနေတယ်
    ဒါမေပမဲ့
    လူတွေပါးစပ်ဖျားမှာ
    ခေတ်စားနေတာက "အချစ်တဲ့"
  • ဘ၀ဆိုတာရောင်စုံဆေးခြယ်ထားတဲ့
    မာယာများနဲ့ပန်းချီးကားတစ်ချပ်ပ
    လိုချင်တာပဲ့များနေလို့မရဘူး
    ပျော်ရွင်ဖို့ကိုလည်းစဉ်းစားရမယ
    ကိုယ်ပျော်ရွင်ဖို့တွက်တော့နဲ့
    တခြားသူတွေစိတ်ညစ်အောင်မလုပ်မိပါစေနဲ့
    (ဒါကတော့ကဗျာမဟုတ်ပါဘူးအတွေးလေးတွေရေးထားတာပါသည်းခံဖတ်ကြပါနော်)
ဘ၀၇ဲ့ စစ်ပွဲ
.............
ဘ၀ဆိုတာ...တို က်ပွဲ......တစ်ခုဆို
အဖော်၇ယ်မပါ.......ငါလေ....
တစ်ယောက်.....ထဲ....၇ဲဝင့် 
စွာ၇င်ဆိုင်...လိုက်မယ်
တက်ကြိုး...၇င်လက်ထိုးလှော်...မယ်
စိတ်ဓာတ်ကိုယ်....အ၇င်းတည့်
ခန္တာ.....မှာခွန်အားအပြည့်.....နဲ့ 
လော...ကဓာဏ်....လေနီကြမ်း
လာစမ်း...ဟဲ့ ...မာန်...တင်းကာလှော်......မယ်.
ငါ့ပါးစပ်မလှုပ်ဘဲနဲ့ပြောတဲ့စကာ
မင်းကြားနိုင်တာအဲဒါအချစ်မဟုတ်ဘူးလား
ဖွဲ့နွဲ့ပြနိုင်မှအချစ်လို့ထင်ရင်
ချစ်သူရယ်--------------
အပင်ပန်းခံမနေပါနဲ့
“ငါနင့်ကိုအရူးမူးချစ်တာပါ”
လွင့်မျောနေတဲ့သစ်ရွက်ကလေး
တရွေ့ရွေ့ကျလုဆဲမှာ
လေပြေတစ်ချက်အဝှေ့ကြောင့်
အဝေးဆုံးကိုပြေးလုခဲ့ရတယ်
ချစ်သူရယ်------------
မင်းမရှိရင် ငါ့ဘ၀ကငြိမ်းချမ်းမှာ
ဒါပေမဲ့------------
မင်းကငါ့ကိုအဝေးဆုံးမှာ
တစ်ယောက်တည်းထားခဲ့ကာ
ဒဏ်ရာတွေခြယ်သပေးရင်း
အလွမ်းပန်းချီးကားတစ်ချပ်ကို
အချစ်နယ်ပယ်မှာရောင်းချဖို့
မင်းဈေးကွက်တင်ခဲ့သလား---ေ
လူတိုင်းပါးစပ်ဖျားမှာရေပန်းစားနေတာက
“ငွေ”တဲ့
လူတိုင်းစိတ်ဝင်စားတာက
“အချစ်”တဲ့
လူတိုင်းခံစားကြတာက
“အလွမ်း”တဲ့
နောက်ဆုံးရလဒ်ကဘာလည်း?????????????
တကယ်တော့သူငယ်ချင်း………
တယောက်တည်းနဲ့ပန်းချီဆရာလည်းမဖြစ်ပါဘူး
ကားချပ်တခုချယ်သဖို့ဆိုတာ
စုတ်တံလည်းအရေးကြီးတယ်လေ
မှားတတ်တဲ့ပန်းချီဆရာလည်းရှိတာပဲ့
ဒါပေမဲ့……………….
မှားတဲ့အကွက်မှာငါဘာပြန်ဆွဲရမလည်းဆိုတာကိုတော့
သေချာပြန်စဉ်းစားဖို့လိုတယ်

Wednesday, 26 October 2011

အမှတ်တမဲ့တွေ့ခဲ့ကြပေမဲ့

အမှတ်တရရှိခဲ့ဖူးတဲ့
မင်းရဲ့အပြုံး----------------

ကလေးတစ်ယောက်လို

ဖြူစင်ပွင့်လင်းစွာပြောတတ်တဲ့

မင်းရဲ့စကားသံ---------------

ဟန်မဆောင်တတ်တဲ့

မင်းရဲ့အမူအယာ
မကြာခနဒေါသထွက်တတ်တဲ့
မင်းရဲ့အလိုမကျမှုတွေကြား

ငါစိတ်ကူးယဉ်ခဲ့ဖူးတယ်--------

မင်းနဲ့ငါကြားရိုးရှင်းသလောက်

ဆန်းပြားလွန်းတဲ့သံယောဇဉ်ပါးပါးလေး

မဟုတ်တာတော့သေချာတယ်--------------
မဆုံတဲ့လမ်းကို
မင်းအကျင့်အတိုင်း ဂျစ်ကန်ကန်နဲ့
နောက်ဆုတ်လိုက်ပါလား--------------
မင်းနောက်ကျောကို
ငါကြည့်ရက်ပေမဲ့
ငါနောက်ကျောကိုမင်းမကြည့်သင့်ဘူ
အလွမ်းတစ်ဖတ်
နမ်းရှိုက်ခွင့်မဲ့
ပန်းတစ်ပွင့်ကို
မင်းမခူးနဲ့တော့ကောင်လေး
ချစ်သူရယ်…………………
အချစ်ကသူ့သဘောသူဆောင်တာမို့
ပြန်ကွေ့စရာလမ်းနှလုံးသားမှာမရှိဘူး
အချစ်ဦးကလည်း အချစ်ဆုံးမဖြစ်နိုင်သလို
အချစ်ဆုံးကလည်း အချစ်ဦး မပာုတ်ခဲ့ဘူး
နင်အတွက်ငါက အချစ်ဦးမပာုတ်ပေမဲ့
အချစ်ဆုံး ဖြစ်ချင်သူပါ
ငါဟာ......အသက်၇ှင်ခြင်း အတွက်....တစ်ကြိမ်သာသေဆုံးခဲ့ ပေမဲ့ ......
နှလုံးသား....၇ဲ့  ၇ှင်သန်ခြင်း မှာတော့ ....အကြိမ်ကြိမ်...ကျဆုံး....ခဲ့ ၇ဲ့ ဘူးတယ် 

မင်းသာငါ့ရဲ့တစ်ဦးတည်းရှင်သန်ခြင်းဖြစ်ခဲ့ရင်

ဘယ်လောက်ကောင်းလိုက်မလည်းနော်
ခုငါ့လက်တွေတအားနာနေတယ်
ဒါပေမဲ့..............
မင်းတွက်ကဗျာရေးဖို့ငါ့စိတ်က
နာကျင်ခြင်းကိုမခံစားခဲ့ရဘူး
ရူးတယ်လို့ပြောချင်ပြောပါ
ငါတိတ်တိတ်ကလေးနဲ့
ကဗျာထဲမှာပဲ့ချစ်နေပါရစေကွာ..........
ချစ်သူေ၇........
လွမ်းနေတဲ့  ....နေ၇က်တွေမှာ....တမ်းတမိတာ....မင်းလေး၇ဲ့ ..အပြုံးတစ်..ပွင့် ပါ...
ချွေးစို့ .....မောပန်းနေချိန်...မှာတောင်းတမိတာ......
မင်းလေး...၇ဲ့ အနမ်းတစ်ပွင့် ပါ......
လွမ်းနေတဲ့ ...အလွမ်းတွေ...ကိုယ်....ပြေစေဖို့ ...ပေါ့...
မင်းလေးသိစေဖို့ ဒီကဗျာလေးစာလွှာပါးလိုက်ပါတယ်
မင်းကိုချစ်တယ်ဒါပေမဲ့
ရင်ထဲမှာဘဲသိမ်းထားတော့မယ်
ငါကမာနကြီးနေတယ်ဆိုပေမဲ့
ချစ်တတ်တဲ့နှလုံးသားရှိတယ်
ငါကချစ်ပြတော့ နင်ကမယုံဘူး
ငါကမုန်းပြတော့ နင်ကထားခဲ့တယ်
ကဲ..... ငါဘာဆက်လုပ်ရမလည်း ပြော
..........