Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, 1 February 2012

ခုချိန်မှာကျွန်မကအဝေးရောက်နေသူတစ်ယောက်ပါ
ကျွန်ဘ၀ဆိုလည်းမမှားပါဘူး
ဒါပေမဲ့ကိုယ့်စိတ်ကိုကျွန်ဘ၀မရအောင်တော့အကုန်လုံးကျင့်ကြံနိုင်အောင်
ဒီဆောင်းပါးလေးရေးမိပါတယ်
လူဘ၀ဆိုတာကံကောင်းလို့ရတာပါ
ဒီကံတ၇ားကောင်းလို့ရလာတဲ့လူ့ဘ၀ထဲမှာ
ကံတရားချည်းထိုင်စောင့်နေရင်လည်းမဖြစ်သေးပါဘူး
ကံကောင်းလို့ငါနိုင်ငံခြားေ၇ာက်လာတယ်ထားအုံး
ဒီတိုင်းထိုင်နေရင်ကျွန်ဘ၀ကကျွန်ဘ၀ပါပဲ့
ကံယုံပြီးဆူးပုံနင်းလို့မရသလို
ဥာဏ်ကလေးရှိဖို့လည်းလိုတယ်ထင်ပါတယ်
ဥာဏ်မသုံးဘဲနဲ့ဒီတိုင်းထိုင်နေရင်လည်းဒီဘ၀ကဒီဘ၀ပါပဲ့
ဥာဏ်ရှိပြီးဝိရီယမရှိလည်းတူတူပါပဲ့ထိုင်နေရုံသာထူးလာမှာပါ
သူများနိုင်ငံမှာရောက်နေပြီဆိုကတည်းကသူတို့တွေတွေးထားတာက
ကျွန်မတို့သူတို့နိုင်ငံမှာကျွန်လာခံတာပါ
အဲဒါကြောင့်
ကံဥာဏ်ဝိရီယတွေသုံးပီးကျွန်ဘ၀မှလွတ်မြောက်အောင်
ကြိုးစားသင့်ပါတယ်
လူတိုင်းသတ်မှတ်ထားကြာတာက
ပထမအရွယ်ပညာရှာမယ်
ဒုတိယအရွယ်ဥစ္စာရှာမယ်
တတိယအရွယ်မှာတရားရှာမယ်
ပထမအရွယ်ပညာရှာနေစဉ်ရောကိုယ်လက်လှမ်းမီသလောက်
အားတဲ့ချိန်လေးတ၇ားတွေနားထောင်လို့ရတယ်
စာကျက်လို့အဆင်ပြေအောင်စိတ်လေးငြိမ်အောင်
ငါးမိနစ်လောက်
တရားတွေထိုင်လို့ရပါတယ်
ဒုတိယအ၇ွယ်ဥစ္စာရှာနေစဉ်ရော
ခုကျွန်မတို့ရှာထားတဲ့ပိုက်ဆံကဖြူစင်သန့်ရှင်းတဲ့ကိုယ်လုပ်အားခတွေပါ
လက်လှမ်းမီသလောက်ဒါနပြုသင့်ပါတယ်
မရှိသူတွေပေးကမ်းစွန့်ကျဲရင်းဒါနယူလို့ရပါတယ်
တစ်ယောက်တည်းမနိုင်ရင်သော်လည်းသူငယ်ချင်းတွေစုပီးအလှုအတန်းတွေပြုလုပ်သင့်ပါတယ်
အလုပ်ပိတ်ရက်တွေလည်းအချိန်ရှိသလောက်တ၇ားပွဲတွေနားထောင်လို့ရပါတယ်
တရားတွေထိုင်လို့၇ပါတယ်
တတိယအရွယ်မှတရားလုပ်မယ်ဆိုရင်မျက်လုံးက၀ါးလာပါပြီ
နားကလည်းသိပ်စူးစိုက်မှုမကောင်းတော့ပါဘူးတ၇ားနာဖို့တွက်
ခါးတွေလည်းနာလာပါပြီတရားထိုင်နိုင်ဖို့အချိန်သိပ်မရတော့ပါဘူး
ကြာပန်းဆိုတာရွံနွံထဲကပေါက်ဖွားလာတာပါ
တဖြည်းဖြည်းနဲ့ရေကြည်ရေပေါက်တွေထိတွေ့ပီး
ကြာပန်းလေးဟာလှပဝေဆာလာပါတယ်
ဘာကြောင့်လည်း............
ေ၇ကြည်ရေအေးတွေနဲ့ထိတွေမိလို့ပါ
ထိုသို့ပဲ့
လူဆိုတာလည်းကိလေသာတွေထဲကမွေးဖွားလာတာပါ
ထိုကိလေသာထဲကမွေးဖွားလာတဲ့ပုထုစဉ်တွေကို
ရေကြည်ရေပေါက်တရားရေအေးနဲ့
မထိတွေ့ဘူးဆိုရင်ဒီတိုင်းပဲ့ကိလေသာနယ်ထဲပြန်ဝင်ကြရမှာ
အသေချာပါပဲ့
(*လူမျိုးတွေထဲမှာမြန်မာလိုမျိုးတွေကယဉ်ကျေးဆုံးပါ
စကားပြောတာကအစသိမ့်သိမ့်မွေ့မွေ့ပြောတတ်ကြတယ်
အဲလိုပဲ့ကိုယ့်လူမျိုးကိုအထင်ကြီးအောင်ကျွန်မတို့မှာတာဝန်ရှိပါတယ်
ဝတ်အစားကအစမြန်မာလူမျိုးဆိုရင်ယဉ်ကျေးရမယ်
စကားပြောရင်ကြင်နာမှုရှိရမယ်
သူတစ်ဖတ်သားကိုကူညီတတ်ရမယ်
အဲဒါတွေကချစ်ဖို့ကောင်းတဲ့မြန်မာတွေရဲ့ဓလေ့တွေပါ
ဘယ်နေရာရောက်ရောက်မမေ့သင့်ပါဘူး*)

Wednesday, 19 October 2011

  • ဒါလေးက နမှုနာ ဖော်ပြပေးတာပါလုပ်တာလွယ်ပါတယ်.. .. စမ်းကြည့်လိုက်ပါ......

    ဒီပုံလေးလို သူငယ်ချင်းတို့ ၇ဲ့  ဓါတ်ပုံလေးနဲ့  CALENDAR လေးလုပ်ကြည့်ကြ၇အောင်

    desktop ပေါ်မှာသုံး ဖို့ ပဲ ဖြစ်ဖြစ် သူငယ်ချင်းကိုလက်ဆောင်ပေးဖို့ ပဲဖြစ်ဖြစ်

    သူငယ်ချင်း၇ဲ့ ပုံလေးမှာ လအလိုက် calendar လေးပါတယ်ဆို၇င် ပိုပြီး အဆင်မပြေဘူးလား

    လုပ်နည်းလေးကလွယ်ပါတယ်

    ပုံလှလှလေး၂ ပုံအ၇င်၇ှာ

    ပြီး၇င် ဘယ်ဟာကို top photo ထားမယ် ဘယ်ဟာကို background photo ထားမယ်ဆို၇င်

    အ၇င်စဉ်းစားထားပါ


    ပြီး၇င် upload တင်၇ုံပါပဲ

    အောက်ကလင့် လေးကနေ သွား၇ုံပါပဲ

    http://www.calendarika.com/

    photo upload တင်တဲ့ ကွက်လပ်လေးနှစ်ခု ပေါ်လာပါလိမ့်မယ်

    သူငယ်ချင်းတို့ တင်ချင်တဲ့ ပုံလေးတွေ upload တင်လိုက်ပေါ့နော်...

    ပြီးသွားရင် အောက်ဖက်မှာ ရှာကြည့်လိုက်ပါ Next step 3 ဆိုတာလေးကို click ပေးလိုက်ပါ

    သူငယ်ချင်းတို့ရဲ့ calendar လေးကို တွေ့ရပါလိမ့်မယ်...

    photo ပေါ်မှာ right click နှိပ်ပြီး...save image လုပ်ပေးလိုက်ပါ...

Monday, 17 October 2011

ယောက်ျားနှင့် မိန်းမ

ယောက်ျားနှင့် မိန်းမ

ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။

ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။

ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။

ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။

ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။

ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ

နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။

အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။

စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။

အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။
အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။

(၁) သြော်...ယောက်ျား
တွေ့စ
ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး... နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ
စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့်
မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်...

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။
ငါ့ကိုလည်း နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း
သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ
ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ....

ဟင်း..မအူမလည်လေး... တုံးအအ ပုံစံလေးနဲ့...ချစ်ဖို့ကောင်းတယ်

မိန်းမ
ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ
မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား...

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊
ခေါင်းက မာသေး...

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး...

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....

ယောက်ျားများကို အန်စေသော မိန်းမ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

မိန်းမများကို အန်စေသော ယောက်ျား

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင်
တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင်
ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို
ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား