Showing posts with label အဖြစ်ပျက်တွေလေးတွေပါ. Show all posts
Showing posts with label အဖြစ်ပျက်တွေလေးတွေပါ. Show all posts

Tuesday, 18 October 2011

စိတ်မနှံသူတွေလည်းခံစားချက်နဲ့ပါ

ဒီနေ့အမေမျက်ရည်ကျခဲ့တယ်နော်
အမေဘာလို့မျက်ရည်ကျတာလည်း
သမီးရှိနေတဲ့ချိန်အမေပျော်ရွင်နေခဲ့တယ်
သမီးကနေ့တိုင်းဂျူတီမရှိဘူးလေ
အမေ့နားမှာတချိန်လုံးပြုစုချင်ပါတယ်
အမေမငိုအောင်သမီးသီချင်းတွေနဲ့ချော့သိပ်ချင်ပါတယ်
သမီးမလာရင်ငိုတတ်တဲ့အမေ့ရဲ့မေတ္တာ
ဘာမှမသိဘူးလို့ထင်ထားတဲ့အမေ့ရဲ့အသိစိတ်တွေ
သမီးကြောင့်ပြန်လည်အသက်ဝင်ပေးပါဘုရားရှင်
အမေကစိတ်ရောဂါသည်တယောက်ပါဒါပေမဲ့
သမီးကိုချစ်တဲ့လွမ်းတတ်စိတ်ကတော့
တစ်စက်ကလေးမှမလျော့သွားပါဘူး
ဒါကိုဘာလို့သားသမီးတွေဆိုးသွမ်းနေကြလည်း
အမေကစိတ်ရောဂါသည်လို့မခေါ်ဘဲရှက်လို့
ပစ်ထားခဲ့တဲ့လူတွေကိုလည်းမုန်းတယ်
တကယ်တော့ကျွန်မအမေအရင်းမဟုတ်တာတောင်
ကျွန်မသူ့သမီးအ၇င်းသဖွယ်ပြုစုခဲပါတယ်
အမေ၇ယ်အမေလိုချင်တဲ့သားသမီးမေတ္တာကို
သမီးကျေကျေနပ်နပ်ပေးခဲ့ပါတယ်
အမေမျက်ရည်မကျအောင်
သမီးနေ့တိုင်းဆုတောင်းပေးနေပါတယ်