Friday, 14 October 2011

ချစ်ဖေဖေတွက်ချစ်သမီးလေး


အဖေ…….

လှိုင်းလုံးကြီးတွေဘယ်လောက်ထန်ထန်

လေမုန်တိုင်းတွေဘယ်လောက်ကြမ်းကြမ်း

အဖေကသမီးတွက်အမြဲတမ်းကာကွယ်ပေးနေတဲ့

နှိုင်းလို့မရတဲ့အရှင်သခင်ကအဖေပါ

အဖေရဲ့အပြုံးအဖေပေးတဲ့

မေတ္တာနဲ့သမီးအခုကြမ်းတမ်းတဲ့

ဘ၀ခရီးလမ်းကိုဖြတ်လျှောက်နေရတာပါ

အဖေသာအနားမှာမရှိရင် သမီးလမ်းပျောက်တဲ့ငှက်လေးလို

ဦးတည်ရာမဲ့နေမှာအမှန်ပါ

အဝေးမှရှိနေပေမဲ့ အဖေ့ပုံရိပ်က အမြဲတမ်းသမီးရင်ထဲ

နေရာယူထားတာပါ အဖေရဲ့ဆုံးမမှုစကားသံတွေက

သမီးနားထဲ ပဲ့တင်ထပ်ကြားနေရဆဲပါ

အဖေသာသမီးရဲ့အလင်းရောင်

အဖေသာသမီးရဲ့အရှင်သခင်

အဖေသာသမီးရဲ့မျော်လင့်ချက်ပါ


2 comments:

  1. ဖေဖေ.ကိုလွမ်းပါ၏...
    ကောင်းတရ်ညလေး...

    ReplyDelete
  2. ဖေဖေ.ကိုလွမ်းပါ၏...
    ကောင်းတရ်ညလေး...

    ReplyDelete