ချစ်သူလေး
မသိစိတ်ရဲ့ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ
မင်းက၀င်ရောက် နေရာယူထားခဲ့တယ်
ထာဝရအတွက် မရည်ရွယ်ခဲ့ပေမဲ့
ထာဝရအဖြစ်နဲ့ တည်မြဲနေခဲ့တယ်ဆိုတာ
ငါ့ရင်ထဲက ငါသတိမထားမိတဲ့ခဏတာအချိန်လေးအတွင်းမှာ
ခံစားချက်တွေက သက်သေအဖြစ်
ထောက်ခံနေခဲ့ပြီ
အချစ်အကြောင်း မသိတဲ့ငါ့အတွက်
အလွမ်းတွေက သင်ခန်းစာတွေလား
မိုင်ထောင်ချီဝေးတဲ့ အဝေးတစ်နေရာမှာ
ငါရောက်နေလည်း မင်းကိုသတိရလွမ်းဆွတ်မှုတွေကတော့
နည်းနည်းလေးတောင် လျော့မသွားခဲ့ပါဘူး
အဝေးက မင်းမကြားနိုင်မှန်းသိလျက်နဲ့
ဒီစကားလေးတစ်ခွန်းကိုတော့ မကြာခဏရေရွတ်မိနေတယ်
“မင်းကိုငါတကယ်ချစ်ခဲ့တာပါ”
No comments:
Post a Comment