Sunday, 16 October 2011

အလွမ်းရက်များ

အလွမ်းပါးပါးမိုးအုပ်အုပ်နေ့မှာ
ငါ့ရင်ကိုခပ်ဖွဖွလေပြည်လေးနဲ့အတူ
သယ်ဆောင်လာခဲ့တယ်……………
ငါ့ရင်ထဲမင်းပေးတဲ့အလွမ်းတွေက
မုန်တိုင်းထန်သွားတယ်ဆိုတာ
မင်းသိသင့်တယ်……………..
ကဗျာတွေသီကုံးပီးအချိန်ကုန်ခဲ့တာက
နောက်ထပ်မင်းပေးတဲ့အလွမ်းတွေကိုမလိုချင်တော့
ငါ့အလွမ်းတွေကဗျာထဲမှာထားခဲ့လိုက်ပါတော့…..
လွမ်းတယ်လို့ရေးချလိုက်တာနဲ့…………..
ငါ့ရင်ထဲသဲကန္တာရရောက်နေသလိုခံစားခဲ့ရတယ်
အစားထိုးဖို့ဘာမှမရှိတော့ပါဘူး
ငါ့နှလုံသားတခုလုံးပွင့်ထွက်သွားသလို
ရူးသွပ်ခဲ့ရတယ်…………………


No comments:

Post a Comment