Sunday, 16 October 2011

ကောင်လေးငယ်

 


 
ကောင်လေး………………..

မင်းတွက်ငါမွေးဖွားလာတာလည်းမဟုတ်ဘူး

မျက်ရည်ကျတတ်တဲ့မိန်းကလေးလည်းဟုတ်ဘူး

မာနကြီးနေတာလည်းမဟုတ်ဘူး

မင်းမကျေနပ်ရင်ထားသွားလိုက်ပါ

မင်းမချစ်တော့ရင်ထားခဲ့လိုက်ပါ

ငါ့မာနကိုတော့လုံးဝရိုက်ချိုးဖို့မစဉ်းစားနဲ့

အချစ်ဆိုတာပေးဆပ်နေရုံနဲ့မပီးသေးဘူး

နားလည်မှုရှိဖို့လည်းလိုအပ်တယ်

အရူးတယောက်လိုအချစ်ကိုကိုးကွယ်ပီးမှ

လွင့်ပစ်ခံရရင်မင်းဘယ်လိုနေမလည်း?????????

အပျင်းပြေချစ်ဖို့တွက်တော့မင်းနောက်တယောက်ရှာလိုက်ပါ

ဖွန်ကြောင်တဲ့အထာတွေနဲ့ရူးချင်ယောင်ဆောင်နေတာလား

သိသိကြီးနဲ့အမိုက်တွင်းထဲနင်းတာငါမဟုတ်ဘူး…………

ဦးနောက်ရှိသရွေ့တော့မရူးနိုင်သေးဘူး

အချစ်မှာမျက်စိမရှိဘူးဆိုတာငါ့တွက်မဟုတ်ဘူး………..

နင်ဘယ်လောက်ဆိုးဆိုးနားလည်ပီးချစ်ပေးနေတာအချစ်စစ်ထင်လား

ဆိုးနေတဲ့ဟာကိုလမ်းညွန်ပေးတာရောဆရာလုပ်တယ်ထင်လား…………

အဲဒါဆို၇င်တော့……….ကောင်လေးရယ်………..

စကားချိုချိုသာသာနဲ့ချည်နောင်တတ်တဲ့သူကိုသာ

မင်းရှာလိုက်တော့နော်………………




No comments:

Post a Comment