သက်ရောက်မှုတိုင်းမှာ………….
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
အဲဒါဆိုဘာဖြစ်လို့……
တစ်ဖတ်သတ်ချစ်ဆိုတာရှိနေတာလည်း
ပြောပြခွင့်မရှိတဲ့ဘ၀မှာ…..
မဆိုင်သလိုပါပဲ့လေထဲသစ်ရွက်ကလေးလို
ငါ့စိတ်တွေကိုလွင့်မျောခဲ့ရတာနင်သိရဲ့လား
တိတ်တိတ်ကလေးပါပဲ့ငါ
မင်းရဲ့အနားအရိပ်ကလေးလို
တိတ်တိတ်ကလေးပါပဲ့ငါ
မင်းရဲ့အသံလေးခိုးနားထောင်နေမိတယ်
တိတ်တိတ်ကလေးပါပဲ့ငါ
မင်းရဲ့ပုံလေးခိုးကြည့်ခဲ့ဖူးတယ်
တိတ်တိတ်ကလေးပါပဲ့ငါ
မင်း၇ယ်သံကိုလွမ်းနေမိတာပါ
No comments:
Post a Comment