Sunday, 16 October 2011

အလွမ်းည

အလွမ်းတွေခြုံထားတဲ့ညမှာပေါ့
အချစ်ဝတ်ရုံခြုံပီးမင်းရောက်လာခဲ့တယ်
ငါ့ရင်ခွင်တံခါးဆီကို…………….
မဖွင့်ဘူးလို့အံကြိတ်ထားတဲ့ငါ့ဦးနောက်က
ငါ့နှလုံးသားတံခါးကိုတွန်းဖွင့်သွားခဲ့တယ်…
ယူသွားလိုက်ပါနှလုံးသားတစ်စုံကို
မင်းလိုချင်ရင်ပေါ့….
ဒါပေမဲ့……………
အထီးကျန်ဆန်တဲ့အလွမ်းပါးပါးတွေကိုတော့
ငါ့တွက်လက်ဆောင်ဖြစ်မထားခဲ့ပါနဲ့…
ငါလိုချင်တာမင်းဝတ်လာတဲ့…
ခပ်နွမ်းနွမ်းအချစ်ဝတ်ရုံလေးတစ်ခုပါ

No comments:

Post a Comment